Saturday, May 9, 2009

နှင်းဝေသို့. . . ကဗျာတစ်ပုဒ်

လက်ထဲမှာက အေးစက်စက်ကော်ဖီတစ်ခွက်ပါ
အလွမ်းတွေ ရောယှက်နေရင်း…
တစ်ကျိုက်ပြီး တစ်ကျိုက်မော့သောက်မိတယ်
အလွမ်းတွေမျောပါမိရက်သား
ကုန်လွယ်တဲ့ စက်ဝိုင်းဝန်းညလေးကို
မျှောမချမိဘူး…

နှင်းဝေရေ…
ငါရဲ့ လွမ်းဆွတ်မှုလေးတွေ
နင့် မီးရောင်လေးနောက်ကို
ပြေးလိုက်ကြတော့မယ်
မီးအိမ်လေးတော့ လွတ်မချလိုက်ပါနဲ့

ရူးမိသူရဲ့ ပန်းလကာင်္တွေကို
ညီညီစီစီ သီကုံး…
နင့်အတွက် ကဗျာတွေ
ရေးနေဦးမယ်ကွဲ့

စကားလုံးတွေ ပြည့်ကျပ်နေတဲ့
ကောင်းကင်ကို
နင့်ကိုဘယ်လောက်ချစ်သလဲလို့
တစ်စုံတစ်ရာ မေးကြည့်ပါ…
သတ်ပုံတွေ မှားမှား
စာလုံးပေါင်းတွေ မှားမှား
အလကာၤေတြ မွားမွား
အဖြေက တူနေလိမ့်မယ်

နှင်းဝေရေ…
နင့်ကို ခြံရံနေတဲ့
ပျားကောင်တွေကို
ရဲရဲဝံ့ဝံ့ စစ်ကြေညာလိုက်ပါရဲ့
ငါ့အတွက်ပွင့်သော
တစ်ပွင့်တည်းသောပန်းဟာ
နင်ဖြစ်တယ်ဆိုတာကိုပေါ့…

ပန်းခူးသူတွေရဲ့ လက်တွေထဲမှာ
အဆိပ်ငွေ့တွေပါမယ်..
ဝှက်ဖဲတွေပါမယ်
ညှိုးနွမ်းချင်းတွေ
ပါနေမှာပဲကွယ်

ကိုယ့်ကို ချိုမြစေမယ့်
ငြိမ့်ညောင်းညောင်းတေးတစ်ပုဒ်ကို
ရွေးပြီး….တစ်ဘဝမှေးစက်လိုက်ပါ
နှင်းဝေရေ…

ငါလျှောက်တဲ့ ခရီးက
အပိုင်းအကန့်တွေ မရှိဘူး
ခရီးအဆုံးကို မသိဘူး
လျှောက်မြဲလျှောက်နေရတာမို့
နင့်လက်ကို စွဲကိုင်ထားဖို့
အားအင်တွေ မရှိသေးပါဘူးကွယ်

ငါ့နှလုံးတစ်ချက်ခုန်တိုင်းမှာ
နင့်အတွက်တီးတဲ့ ဗုံသံတွေက
တစီတရီ…
အမုန်းတံတိုင်းတွေကလည်း
ကွာကျခဲ့ရပြီ…

ချစ်တဲ့ နှင်းဝေရေ
အန္တန ချစ်ခြင်းအတွက်
ငါ့ကိုယ်ငါ ဂုဏ်ယူမိနေတော့တာပဲကွယ်

ကောက်ရိုးပုံစောင့်တဲ့ သတ္တဝါဖြစ်မလား
နင့်ပွင့်ချပ်ပေါ်က ရေတစ်စက်ဖြစ်မလားဆို
ခွေးလေးတစ်ကောင်အဖြစ်
အနားက တစ်ဖဝါးမှ မခွာပဲ
ကောက်ရိုးပုံလေးကို စောင့်ကြည့်ချင်ပါရဲ့

အိုး….
ပျားအပေါင်းတို့ရေ
ငါဟာ ကလောင်တစ်လက်ရဲ့
အရှင်သခင်ဖြစ်တယ်…
ပျားအပေါင်းတို့ရေ
ဘယ်သူ့ချစ်ခြင်းက ပိုမြတ်ပါသလဲ…
ဘယ်လောက်များ ချစ်သူကို တင်စားနိုင်ပါသလဲ

နှင်းဝေရေ…
နင့်ရဲ့ ရွှေရုပ်လွှာကို တပ်မက်ကြတဲ့
ခေတ်သမိုင်းကြောင်းတွေရဲ့
သားကောင်ထဲမှာ ငါမပါဘူး
အိုင်တွေတဲ့ နေရာတိုင်းမှာ
ခြေဆင်းပြီး အများမြင်အောင်
လွမ်းမပြတတ်တာ..
ငါ့ရဲ့ မွေးရာပါ အကျင့်တစ်ခုဖြစ်လေရဲ့

ကော်ခွက်နဲ့ရွှေခွက်နဲ့ ကွာချင်ကွာမှာပေါ့လေ
ဒါပေမယ့်…ဖြူဖြူစင်စင်လေးပဲ
နင့်ကို “ခယ” ချင်တယ်

ဆောင်းညလေးကတော့
စွဲငင်သွားမိတဲ့ ဆံနွယ်ရနံ့လေးကို
လျှစ်လျှူ မရှူ့ထားနိုင်ခဲ့ဘူးကွယ်…

အခုတော့…
အခန်းကျဉ်လေးမှာ တစ်ယောက်ထဲ
ထီးထီးကျန်ကျန် ရှိုက်ငင်နေတယ်…
နင်မြင်ပါရဲ့လား
နှင်းဝေရယ်

သဲနုကလေးတွေ တွန်းခေါက်မွေလျသွား…
စံပယ်ဖြူလေးတွေ နွမ်းလျကြေမွသွား…
ဒီတစ်ညတော့ ကဗျာတစ်ပုဒ်ကို
နင်က အလှဆင်သွားပြီကွဲ့…

မြူခြေတွေ ဆိုင်းတွယ်ရစ်ပတ်
လျှောက်ရာလမ်းကလေးတွေမှာ
ဖွဲ့မှုန်တွေ ဆမ်းသွားပါတဲ့
လမ်းပြကြယ်ရေ
နင့်ရဲ့ နွေးနွေးထွေးထွေးရင်ခွင်မှာ
အိပ်စက်နေချင်တယ်

ချစ်သော နှင်းဝေ…
အခုလောက်ဆို ငါတို့ အလွမ်းလေးတွေ
တစ်နေရာမှာ ဆုံစည်းနေကြတော့မယ်ထင်ရဲ့
ညကရှည်တော့ ကဗျာလေးတစ်ပုဒ်နဲ့ပဲ
တမ်းတနိုင်ပါတယ်ကွယ်….

ရယ်သံတွေပျက်တောက်
ပွင့်ချပ်အိုတွေကို ဆွဲခေါက်သွားတဲ့
ချစ်သူရေ…..
ငါတို့ရဲ့ တနင်္ဂနွေတိုင်းကို
ပိတ်ထားတဲ့ တံခါးနှစ်ချပ်လို
စီးဆင်းလိုက်ကြပါစို့ကွယ်

နှင်းဝေရေ…
နှင်းဝေရေ…
နှင်းဝေရေ…
အချိန်ဆိုတဲ့ ဝိုင်းစက်စက်ကြီးက
ငါတို့ကို ရပ်စောင့်နေတာ
သူ့ကို မှင်နီတွေ တားလိုက်ရအောင်ကွယ်
ငါခြစ်တောက်လိုက်တဲ့
နောက်ဆုံးမီးတောက်…
တိုးလို့မရောက်ခဲ့ရင်တောင်
ကဗျာလေးတွေ ဖတ်ဖောက်
အလွမ်းတွေကို….
ဖျက်တောက်ထားလိုက်ပေါ့ကွယ်။ ။

No comments:

Post a Comment