Sunday, October 25, 2009

အိပ်မက် ကျမ်းစာ

ညသည် အေးစက်နေသည်
လမ်းပြတတ်သော ဝတ်ရုံတို့ဖြင့်
ငါ့ကို . . . ခြုံပါ
ထိုလက်ဖဝါးတစ်စုံဖြင့်
ငါ . . . ဖူးပွင့်ချင်ပါသည်

အပိုင်းအကန့်တွေ ဖြတ်တောက်
စည်းမျဉ်းဘောင် ပျောက်တဲ့နေ့ကို မရောက်လည်း
လန်းသစ်ခဲ့ ငါ့ပန်းရုံလွှာ
နင့်အတွက်သာ နွေးထွေး
ငါ့ အနာဂါတ်ကို ပေးချင်တယ် . . .

မြူခိုးသော နွေရာသီများ၊ ဒီဇင်ဘာ နှင်းများ
လူသူအရောက်ပေါက်နည်းသော
ငါ့မှတ်တိုင်လေးမှာ
အေးမြသော ရေကြည်လက်နှင့် နင့်ကို ကြိုနေပါမည်

ဖြစ်နိုင်မယ်ဆိုရင်
သဲကန္တာရမှာလည်း
ဥယျာဉ်ဖြစ်အောင် ဖန်ဆင်း
နင့်အတွက် ပျိုးခင်းလေးတွေ သင်းစေမယ်

ကဗ်ာသံ ၊ အလကာၤသံ
အိပ်မက်တို့ ပွင့်ဖူး . . . အနာဂါတ်တို့ လွင့်သုန်
နက်ဖြန်ခါတိုင်းမှာ ဆုံချင်တယ်

ချိုရီမွှေးမြ ထာဝရပွင့်ဝေ
ငါ့သစ္စာရောင် ကျမ်းစာပိုဒ်ကြား
နင့်အသံတွေ နားခိုပါတော့ . . .
(သောတ + အိပ်မက်ဖြူ)


(ထိုသို့ဖြင့် လျှောက်ခဲ့သော လမ်းတို့သည် ကြမ်း၏ ၊နူးညံ့၏ ၊ ညွှတ်ကွင်းတို့ ရှိ၏ ၊ မာယာဖွဲ့ လောကမှာမှ ကျွန်တော်နှင့် မီးအိမ်ကလေးတို့၏ လမ်းသည် ဆုံမှတ်တစ်ခုစာကို ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ဖြင့် ကျွန်တော်နှင့် မီးအိမ်ကလေး ၊ မီးအိမ်ကလေးနှင့်ကျွန်တော် နက်ဖြန်ခါပေါင်းများစွာကို လှမ်းလျှောက်နေပါဦးမည်။)
(ချစ်သူသက်တမ်း (၁) နှစ်ပြည့် အမှတ်တရ)