Tuesday, May 12, 2009

“စည်းမျဉ်းတစ်ခုရဲ့ ဖွက်ထားတဲ့ သီချင်း”

ဘဝပါးပါးလေးပေါ်မှာ ရှပ်တိုက်သွားတဲ့
အလင်းကွဲသံတွေလို. . .
မြေပြင်ခပ်နိမ့်နိမ့်က လှံတံတွေထိုးစိုက်ဖို့
သက်သက်ပါပဲ. . .
စာလုံးပေါင်းသက်ပုံချင်းမတူသလို
အချစ်နဲ့ ဘဝဟာလည်း ကွဲပြားတယ်. . .

လူဆိုတာ ဘောင်အကွပ်တွေထဲက
မထူးနိုင်သေးတဲ့ ခံစားချက်ကိုယ်စီကို
ကျောသပ်မွေးဖြူ. . .
မှော်ရုံ. . . မြို့ပြကို သက်တန့်နဲ့ကူး
ခလုတ်က ဆူးတော့မှ . . . ခြေလှမ်းက တိတ်တော့တယ်

အမှောင်ကမဖွင့်ပေးလဲ ကိုယ်က
အလင်းထဲ တိုးမဝင်ချင်ပါဘူးကွယ်
အဲဒီလိုပဲ. . .
ဘယ်သူ့. . . ဘယ်သူကိုမှလည်း
လှောင်အိမ်ထဲ ထည့်မသိပ်ချင်ဘူး

အမိုးမလုံတဲ့ အလွမ်းကိုဆွဲခွာ
ရနံ့တွေပုန်းခို စိုက်ပျိုးနေရုံနဲ့
ဘဝကို စိတ်ရှည်လက်ရှည်
ချရေးချင်ပါတယ်. . .

နေလည်း ကွယ်ပြီ
သီချင်းတွေလည်း တိတ်ပြီ. . .
မျက်စိတကွယ်စာအတွက်
ဖွက်ဖို့. . . ဝှက်ဖို့လည်း
မလိုပါဘူးကွယ်. . .

အဲဒီလိုပါပဲ
ဝိရောဓိ တခုအဆုံးမသတ်ခင်
စံပယ်တွေ လှိုက်လှိုက်သည်းနင့် ဝေးသွား
ခွာသံတွေ မိုးမချုပ်ကြဖို့အတွက်
ပဝါဖြူတထည် လွှင့်လို့
နွေတွေ. . .
ရွာချလိုက်ကြရုံ. . .။ ။

No comments:

Post a Comment