Wednesday, April 28, 2010

ပိတောက် သင်္ချိုင်း

လူတွေဟာ တစ်ပွင့်နဲ့ တစ်ပွင့်မတူကြဘူး
ဟောင်းလောင်းပေါက် တောင်ကလေးရယ်
အကိုင်းမဖြာတော့တဲ့ သစ်ခြောက်ပင်အိုရယ်
မြို့ကလေးဟာလည်း
ကိုယ့်ဆေးလိပ်တိုလို ညိုပြာနေတယ်
ရောက်လာတာချင်း တူပါတယ်
ရောက်လာပုံသာ ကွဲပြားတာပါ
နှလုံးသားဟာ မီးသင်္ဂြိုလ်ခံရတာတောင်
လောင်မှာ မဟုတ်ခဲ့ ..

ပိတောက်တွေရဲ့ရာသီမှာ
ဝတ်မှုန်အက်တမ်စက်တွေ
ကဗျာမဆန်အောင် တလက်လက်
ပေါက်ကွဲထွက်ခဲ့တယ်

ကံကြမ္မာလက်ခုတ်ထဲက မျက်ရည်ပင်လယ်ဝေ
ဟေး .. မာရ်နတ်ရေ
အဲဒီပိတောက်တွေ
သင့်လက်နဲ့ ပြန်ပွင့်ပါစေ ..
သောတ
12:11 PM
Wednesday, April 28, 2010.

No comments:

Post a Comment